Apple ရဲ့ Mac OS X ကတော့ လူကြိုက်များပြီး ကျော်ကြားတဲ့ Operation system တစ်ခု ဖြစ်တယ်ဆိုတာ အားလုံး သိပြီး ဖြစ်ကြမှာပါ။ လှပသေသပ်ပြီး စွဲဆောင်မှု အပြည့်ရှိတဲ့ သူရဲ့ GUI ကြောင့် အလှအပကြိုက်တဲ့ ကွန်ပျူတာ သမားတွေ အားလုံးကို စွဲလန်း မြတ်နိုးရတဲ့ OS တစ်ခု ဖြစ်လို့နေပါတယ်။ အခု အသစ်ထွက်လာမဲ့ Ubuntu 10.04 (Lucida Lince)ရဲ့ Default Theme မှာတော့ အရင်က သုံးနေကျ အညိုရောင် အစား မရမ်းရောင် ဖျော့ဖျော့ကို သုံးထားပြီး Mac OS X မှ စတိုင်အချို့က သုံးထားပြီး ခက်လန်းလန်း ပုံစံလေးနဲ့ ထုတ်လုပ်လာတာကို တွေ့ရပါတယ်။ Ubuntu crazy အချို့က နှစ်သက်ကြသလို တစ်ချို့ကလည်း မကြိုက်ကြဘူးလို့ ပြောသံတွေ ကြားနေရပါတယ်။ ကဲ Ubuntu 10.04 မှာ ဘာတွေများ ပြောင်းလဲသွားပြီး ဘာတွေများ Mac OS X နဲ့ ဘယ်နေရာတွေ တူလာတာလည်းဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ကြည့်ကြည့်ရအောင်....
သင့်အနေနဲ့လည်း ယခု ထွက်ရှိမဲ့ Ubuntu10.04 က theme လေးကို နှစ်သက်တယ်ဆိုရင်
- Code:
-
http://gnome-look.org/content/show.php/Ubuntu-X+Iconsets+by+mickyz?content=122279&PHPSESSID=c082e897eba0ce26811b195e259156d8
မှာ သွားပြီး ဒေါင်းလုပ်ချပြီး သင့်ရဲ့ ယခု Ubuntu မှာ သွင်းပြီး အသင့် သုံးစွဲနိုင်ပါတယ် ခင်ဗျာ။
ဒါနဲ့ သင်လည်း နှစ်သက်တယ် မနှစ်သက်ဘူးဆိုတာ ပြောခဲ့ပါဦး။