ကျနော် အရင်က Xp SP 3 သုံးပါတယ် ဂိမ်းမာတွေအတွက်ကော အင်တာနက်အတွက်ပါ အဆင်ပြေတယ်ထင်လို့ပါ
Vista ကျတော့လဲ ရှုပ်ရှက်ခတ်နေလို့ အသစ်ထွက်တဲ့ Window 7 ကျပြန်တော့လဲမကြိုက်လို့ မသုံးဖြစ်ဖူး
XP SP3 လေးနဲ့ပဲသာယာနေမိတယ် ဒါပေမဲ့ Ubuntu စမ်းသုံးမိတော့ အရမ်းကြိုက်သွားတယ်
Installation သာရှုပ်တာ ကျန်တာအကုန်သာသာယာယာပဲ တရားဝင်ပီးတော့ အကုန် အလကားရတယ် ၀င်းဒိုးလို Crack တွေ Serial တွေ အသဲအသည်ရှာစရာမလိုဘူး
ဝင်းဒိုးလုပ်နိုင်သမျှ အကုန်လုပ်နိုင်တယ် အူဘွန်းတူးလုပ်သမျှသာ ၀င်းဒိုးလုပ်မလုပ်နိုင်တာတဲ့
သိချင်တာတခုက Ubuntu နဲ့အင်တာနက်သုံးရင်ဘာလို့ အရမ်းမြန်ရတာလဲဆိုတာပါ
ဘာတွေဘယ်လိုရေးထားလုပ်ထားလို့ မြန်ရတာလဲဆိုတာရယ်
နောက်ပီးတော့ Linux Server ကို Linux Client နဲ့အင်တာနက်သုံးရင်ပိုမြန်တယ်ထင်မိတယ်
အဲ့ဒါ သိချင်ပါတယ်