window base Ubuntu 9.10 ကို boot တက်တာ errors တွေပြနေလို့  ကယ်ကြပါဦး.....
ဖြစ်ပုံက ဒီလိုပါ........ ဒီနေ့ မနက် Ubuntu မှာ KDE session ကို အင်တာနက်ကနေ ဒေါင်းလော့လုပ်ပြီး log out ထွက် ပြီးတော့ KDE session နဲ့  log in ပြန်ဝင်ပြီး သုံးကြည့်တာ Desktop က တော်တော်လေးကိုလန်းတယ် အဲ့ဒါနဲ့ ပဲ အားရ၀မ်းသာစွာနဲ့ ငါကွဆိုပြီး log out ပြန်ထွက် gnome session နဲ့ log in ပြန်ဝင် အဲ့ဒါလည်းအိုကေနေတုန်းပဲ ဆော့ဝဲလေးဘာလေး ဒေါင်းလော့လုပ်ပြီး install လုပ် ပြီးတော့ ဒီဖိုရမ်မှာ ubuntu download manager ဆိုပြီး ပို့ စ်လေးတောင်ရေးလိုက်သေး....အဲ့ဒီအထိ အိုကေနေတုန်းပဲ
ပြသနာက ကွန်ပျူတာပိတ်ပြီး သင်တန်းသွား ... ပြန်လာတော့ ဖွင့်လဲဖွင့်ရော error တွေ ပြပါလေရော
boot menu မှာ ubuntu ကိုရွေးလိုက်တော့ စာသုံးကြောင်းလာပြတယ် 1.Ubuntu Linux 2.6.31-14-generic
2.Ubuntu Linux 2.6.31-14-generic (recovery mode)
3.Microsoft Windows XP Professional(on/dev/sda1)
ထုံးစံအတိုင်း အပေါ်ဆုံးစာကြောင်းကိုရွေးပြီး boot လဲ တက်လိုက်ရော အောက်ပါ error တွေ ပြပါတော့သည်ခင်ဗျာ
[ 0.913971]kernel panic - not syncing:VFS:Unable to mount root fs on unknown-block(8,5)
ဒုတိယစာကြောင်း recovery mode ရွေးတော့ ထူးဆန်းတယ် error က နှစ်ကြောင်းဖြစ်သွားတယ်ခင်ဗျ
[ 0.923014]No filesystem could mount root, tried:ext3 ext 2 ext 4 fuseblk
[ 0923162]kernel panic - not syncing:VFS:Unable to mount root fs on unknown-block(8,5)
အဲ့ဒါနဲ့ နောက်ဆုံးလက်ကျန်စာကြောင်းလေးရွေးကြည့်တော့ error: unknown command 'drivemap' ဆိုပြီးတော့လာပြပြန်ရော
အဲ့ဒါ ကယ်ကြပါဦးခင်ဗျာ အော် သင်္ကေတတစ်ခုကျန်သေးတယ်ဗျ ........ အပေါ်က errors တွေ တက်တဲ့အခါ ကီးဘုတ်က cap lock မီးနဲ့  scroll lock မီး နှစ်လုံးက မှိတ်တုတ် မှိတ်တုတ် ဖြစ်ပြီး ကီးဘုတ် က ကီးတွေလဲ ဘာမှရိုက်လို့မရပါ..... manual reset ချရပါသည်။
ဖြစ်နိုင်ရင် အဲ့ဒီ ubuntu လေး ပြန်တက်ပြီးသုံးချင်ပါသည်။ မဖြစ်နိုင်ရင်လဲ ..... အဲ့ဒီ OS ထဲမှာ ရှိတဲ့  data လေးတွေပြန်လိုချင်ပါသည်။ .... window နဲ့ တက်ပြီး window လို user folder ထဲက desktop ဖိုဒါကို ဖွင့်ပြီး data တွေပြန်ယူမယ်လုပ်တော့လဲ ubuntu သွင်းထားတဲ့ drive ထဲက ဖိုင်တွေက ပမာဏသာများတယ် ဖွင့်လို့ မရပါ
ကျွန်တော့် ကွန်ပျူတာမှာ partition က လေးပိုင်းပါ ဒုတိယ partition D: မှာ Ubuntu ကို window base wubi installer ကို အသုံးပြုပြီးတင်ထားတာပါ .... အဲ့ဒါ ကယ်နိုင်သလောက် ကယ်ကြပါဦး ခင်ဗျာ......