- Quote :
ဟုတ်ကဲ့ ခင်ဗျာ.. ကျွန်တော် ubuntu 9.04 version ပါပဲဗျ..သူများစက်မှာတော့ရတယ်ဗျ... ကျွန်တော့် စက်မှာမရတာ .. paration ခွဲတာနဲ့များဆိုင်မလားကျွန်တော် က paration c: d: တော့ပေးထားတယ် ..အဲဒီကောင်ကိုတော့ကျွန်တော် c: မှာ install လုပ်တယ်... c: မှာ အရင် window xp ရှိတယ်ဗျ ... အဲဒါကြောင့်များလားဗျာ... နည်းလမ်းလေးပေးပါဗျာ... ကျွန်တော့်စက်က intel cpu ပါပဲဗျာ... ဖြေကြားပေးတဲ့အတွက် အက်ဒမင်ကြီးကို ကျေးဇူးတင်ပါတယ်ဗျာ..
ubuntu 9.04 ဆိုရင် အရင်ဆုံး Live CD သဘောမျိုး အရင်သုံးကြည့်လိုက်ပါလား ကိုလင်းလင်း။ ubuntu 9.04 က ဒီတိုင်း live CD လည်း သုံးလို့ ရတယ်လေ။
ပထမဆုံး အခွေအရင်ထည့်ပြီး language ရွေးပြီး default ဖြစ်တဲ့ အပေါ်ဆုံးကစာတမ်းလေးကိုပဲ ရွှေးပြီး enter ခေါက်လိုက်ပါ။ ဒါဆိုရင် live cd စသုံးလို့ ရပါပြီ။ အဲဒါနဲ့ စမ်းကြည့်လို့ ရတယ်ဆိုရင် အကို့ကွန်ပျူတာမှာ ubuntu သုံးလို့ ရတာသေချာသွားပါပြီ။ ဒီတော့ ပါတေးရှင်းပိုင်းကို မနက်ဖြန်ကြရင် ကျွန်တော် ရေးထားပေးပါ့မယ်။ ဒီနေ့တော့ ကျောင်းက တစ်နေကုန်တတ်လိုက်ရတော့ နည်းနည်းပင်ပန်းနေလို့ပါ။
ကျွန်တော်ပြောသလို အရင်ဆုံး စမ်းကြည့်လိုက်ပါဦး။ အဆင်ပြေပါစေခင်ဗျာ...