ubuntu 9.04 ကနေ 9.10 ကို upgrade လုပ်ဖို့ ဘာမှ မခက်ပါဘူး။ ကွန်နက်ရှင် ရှိရင်ရပြီ။
Desktop ဗားရှင်းဆိုရင် Alt + F2 ကိုနှိပ်ပြီး update-manager -d ဆိုပြီး ရိုက်ထည့်လိုက်ပါ။ ပြီးရင် သူပြောတဲ့ညွန်ကြားချက်တွေအတိုင်း လိုက်လုပ်ပေးလိုက်ယုံပါပဲ။
Server ဗားရှင်းတွေအတွက်ဆိုရင် promt ကနေ sudo do-release-upgrade -d ဆိုတာလေး ရိုက်ထည့်ပေးပြီး ညွှန်ကြားချက်တွေအတိုင်း လိုက်လုပ်ပေးလိုက်ယုံပါပဲ။
အဆင်ပြေကြပါစေ။ စမ်းဖို့ပဲ ကောင်းပါတယ်။ upgrade လုပ်ရတာက အသစ်ပြန်သွင်းပြီး သုံးတာလောက်တော့ အဆင်ပြေမှာ မဟုတ်ဘူးဗျ။ အခက်အခဲလေးတွေတော့ ရှိနေလိမ့်မယ်။