ပထမရက် (21-Nov စနေနေ့) တွင်
မနက်ပိုင်းအစီအစဉ်တွင်
ပုံမှန် ဆွေးနွေး ပြသမှုအပြင်
Myanmar Linux Lab မှ ဆရာ
ပိတောက် Unicode ဖောင့် Creator
www.thanlwinsoft.orgKeith Stribley မှ
လာရောက် ကူညီဆွေးနွေးပေးမည်ဖြစ်ပါသည်။
ဒုတိယရက် (22-Nov တနင်္ဂနွေနေ့) တွင် ပုံမှန်ဆွေးနွေးမှုအပြင်
မြစေတီနှင့် ပိရပိုက် ယူနီကုဒ်ဖောင့် တီထွင်သူ
ကိုငွေထွန်းမှ Ubuntu တွင် Wikipedia Offline အသုံးပြုပုံကို
ပါဝင်ပြသပေးမည်ဖြစ်ပါသည်။
Wikipedia Offline DVD အခွေ 100 ခန့်ယူလာပြီး Distribute လုပ်မည်ဖြစ်ပါသည်။
၂၂ ရက်နေ့တွင် Web Designer
Htoo Tay Zar
http://www.htootayzar.com မှ
Ubuntu မှ ရုပ်ပုံဖန်တီးမှုနှင့် တည်းဖြတ်မှုဆိုင်ရာ
(EULA License - Photosho နှင့် illustrator အစား အခမဲ့ OSS ဖြစ်သော Gimp နှင့် Inkscape)
ဆော့ဝဲများအား လက်တွေ့ အသုံးပြုပြသမည်ဖြစ်ပါသည်။
ပြပွဲရက်နှစ်ရက်လုံးတွင်
Ubuntu ဆွေးနွေးပွဲများအပြီး လက်တွေ့လေ့ကျင့်နိုင်ရန် စက်များ ပြင်ဆင်ထားရှိပါမည်။
ကိုယ်တိုင် Installation ပြုလုပ်လိုသူများနှင့် ကိုယ်ပိုင် စက်အား Installation ပြုလုပ်လိုသူများ
လာရောက်စမ်းသပ်နိုင်ပါသည်။
Linux Document များအား အခမဲ့ မျှဝေနိုင်ရန် စီစဉ်ထားရှိပါမည်။
Linux Command Summary, How About Linux+Ubuntu, Software Installation
ပြပွဲရက်အတွင်း Ubuntu OS Installer
Desktop / NotebookRemix / Studio (DVD),
Ubuntu Software installer + Theme,
အခွေများအား သက်သာသောဈေးနှုန်းဖြင့်
ရောင်းချပေးသွားမည်ဖြစ်ပါသည်။
ပြပွဲရက်အတွင်း မိမိစိတ်ကြိုက် ပန်းချီ ဓါတ်ပုံများဖြင့် Splash Theme (Windows အခေါ် Boot Skin) နှင့် Login Skin များရယူလိုပါက အခမဲ့ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ကြိုတင်မှာကြားလိုပါက
မိမိစိတ်ကြိုက်ပုံနှင့်တကွ email သို့ပေးပို့မှာကြားနိုင်ပါသည်။
Saturngod ၏ iPhone iTouch ပေါ်တွင် မြန်မာဖောင့်နှင့်လက်ကွက် အသုံးပြုနိုင်မည့် နည်းပညာအား အခမဲ့မျှဝေပါမည်။
Myanmar Linux Lab မှ ပြပွဲရက်အတွင်း Special Discount ဖြင့် သင်တန်းအပ်လက်ခံမည်ဖြစ်ပါသည်။
Microsoft Office အစားထိုးသုံးနိုင်သော OpenOffice အား မြန်မာဘာသာ ဖြင့်ဖြန့်ဝေပေးသွားပါမည်။ (Unicode5.1 / Zawgyi)
English-မြန်မာ / မြန်မာ-English အသုံးပြုနိုင်သော wxPyDict Windows Dictionary (Unicode5.1 / Zawgyi)
Eng-Myan Ornagai Mobile Phone Dictionary (Java Application)
ASCII မှ Unicode သို့ပြောင်းသော Converter များ (Win- Font to Zawgyi or Unicode 5.1)
စသဖြင့် အခမဲ့ Software များစွာ မျှဝေသွားမည်ရာ မည်သူမဆိုကူးယူနိုင်မည် ဖြစ်ပါသည်။
အခြား အကြံပေးလိုသည်များကို စောင့်မျှော်လျှက်ရှိပါသည်။