ifconfig – ကိုယ့်အိုင်ပီ ကိုယ်ကြည့်ဖို့ပေါ့ဗျာ…
route -n – မိမိချိတ်ဆက်ထားတဲ့ default gateway ကို ကြည့်ဖို့ဖြစ်ပါတယ်။
ip – ifconfig နဲ့ route ကွန်မန်းပုံစံအတိုင်းပါပဲ။
ping – ဒါကတော့ အားလုံးသိပြီး ဖြစ်မှာပါ။ ကွန်နက်ရှင် မိ မမိကြည့်တဲ့အချိန် သုံးတာပေါ့။
traceroute – ၀င်းဒိုးမှာဆို tracert နဲ့တူတယ်ဗျာ။ လိုအပ်တဲ့နေရာရောက်ဖို့ ဘယ်နေရာတွေကနေ ဖြတ်သန်းသွားတယ်ဆိုတာ သိဖို့သုံးတာပါ။
host – ၀က်ဆိုဒ်တွေရဲ့ အိုင်ပီတွေကြည့်ချင်တဲ့အချိန်မှာ သုံးပါတယ်။
dig – ပြည့်စုံတဲ့ DNS query tool တစ်ခု အဖြစ်သုံးနိုင်ပါတယ်။
iwlist – wireless interface ရဲ့ သတင်းအချက် အလက်တွေ ကြည့်တဲ့အခါမှာ သုံးပါတယ်။
nslookup - ၀င်းဒိုးမှာလည်း သုံးလို့ ရတဲ့ကွန်မန်းပါ။ တော်တော်များများ သိပြီးဖြစ်မှာပါ။ ဆိုဒ်တစ်ခုရဲ့ ip ကို ကြည့်ချင်တဲ့ အချိန်မှာ သုံးပါတယ်။
ဒါတွေကတော့ ကျွန်တော် သိသလောက်ပေါ့ဗျာ။ တခြား သိတဲ့ညီအကိုတွေလည်း ၀င်ပြီး ၀ိုင်းဆွေးနွေးပေးကြပါဦး။