မင်္ဂလာပါ
ဘယ်သူမှမရှိတုန်းအရင်ဆုံး မိတ်ဆက်ရတာ အရသာပဲ
ဘယ်သူမှ မရှိတဲ့ အိမ်ထဲ အိမ်ရှင်တို့ ဆိုပြီးအော်ခေါ်နေရသလိုပဲ ဟိဟိ
အမှန်ကတော့ လူပြောများနေတဲ့ linux သုံးတတ်ချင်တာပေါ့ဗျာ
ubuntu ဆိုတာ ကြားသာကြားဖူးပြီး သုံးမှမသုံး တတ်တာပဲဗျာ
အဲဒါကြောင့် အပြေးအလွှား ရောက်လာတာ သင်ပေးကြပါအုံးဗျာ အခြေခံက စပြီးတော့ ပေါ့
linux နဲ့ window အပြိုင် ကောင်းကြောင်းပြောနေကြတာ mysteryzillion မှာ ရန်တောင်ထဖြစ်မတတ်ပဲ ဟာ ဟ
ကိုယ်လဲ ၀င်ရွှီးမလို့ လုပ်တာ နို့ linux မြင်တောင် မမြင်ဖူးဘူးဗျာ
အဲ ဘယ်သူမှ မရှိပဲ ပြောရတာ လက်ညောင်းလာပြီဗျာ
အခြေခံ linux ဘယ်လို စတင်တာက စပြီး ဘယ်လိုသုံးရမလဲအထိ ဆွေးနွေးပေးကြပါလို့ ..ကျွန်တော်က ပဲ အရင်ဆုံး ၀င်မိတ်ဆက်ရင်း
linux သုံးနေတဲ့ သူအပေါင်း ပညာများမျှဝေပေးပါအုံးလို့ တောင်းဆိုရင်း မိတ်ဆက်လိုက်ရပါတယ်ဗျို့